Thursday, March 13, 2014

LG Phone များကို Original Firmware ရှာနည်းနဲ့ တင်နည်း

                           ကျွန်တော်လဲ  Blog ထဲကို မရောက်ဖြစ်တာ တော်တော်ကြာပေါ့ ၊  မေ့နေပြီထင်တယ်နော် ဟီးးးးးးး ။ ဒီနေ့ မှ  ရောက်လာတဲ့အလုံးက  LG P705  မှာ  မြန်မာစာ ပါပြီးသားကို ထပ်သွားချိန်းမိတာ  Firmware ကျသွားလို့တဲ့  လာအပ်တော့လဲ ပြန်တင်ပေးရမယ်ဆိုတော့ အဆင်သင့်ခူးခပ်ပြီးသားကလဲမရှိ တော့အ ခက်တွေ့တာပေါ့  ။  Vl4ck H0n0r နဲ့  အတူ တိုင်ပတ်နေတယ် ။ နောက်ဆုံးမှ အဆင်ပြေပြေလေး ပြန်တင်နိုင်လိုက်တယ် ။ Tools တွေလဲစုံနေတာဘဲ ဗျာ။ ဒါပေမယ့် အခု အသုံးတည့်တဲ့ Tools လေးတွေ့တာနဲ့ ပြန်တင်ပေးလိုက်ပါမယယ် ။ အဆင်ပြေကြပါစေနော်။
                                         အရင်ဆုံး Firmware လေးရှာ ကြည့်ရအောင်ဗျာ။  ဖုန်း Battery ဖြုတ်လိုက်ပါ၊ IMEI ရေးထားတာတွေ့လိမ့်မယ် အဲဒီ IMEI နဲ့  Model No. ကို အခု Software ထဲထည့်ပေးလိုက်ပါခင်ဗျာ။  ဒီလိုလေးပေါ့ :P
          Save ဆိုတာနှိပ်လိုက်ရင်  သူရဲ့ original Firmware လေး ကျလာပါလိမ့်မယ်။  ကျွန်တော်ကတော့ ထပ်ပြီးတော့ လျှာရှည်ပြီး IDM နဲ့ချိတ်ဒေါင်းလိုက်တော့ ခဏဘဲကြာတယ်လေ ဟဲဟဲ၊ *.kdz   ဆိုတာလေးပေါ့ဗျာ။အခု အဲကောင်ရပြီဆိုပါတော့။        Firmware ပြန်တင်တော့မယ်  ။  အခု KDZ_FW_UPD.exe ကို ဖွင့်လိုက်ပါခင်ဗျာ။
ပုံမှာ ရွေးထားတဲ့အတိုင်းလေး ရွေးပေးပါခင်ဗျာ။ Type- 3GQCT Phone Mode- EMERGENCY KDZ file - ကိုယ် Save ထားတဲ့ နေရာ          ဖုန်းကို Battery ဖြုတ်လိုက်ပါ။  ပြီးရင်  Volume Up & Power ကို တွဲနှိပ်ပြီး USB ချိတ်ပေးလိုက်ပါ။ emergency mode ဆိုပြီး အ၀ါရောင်နဲ့ တက်လာပါလိမ့်မယ်။
ဲ ကဲ အဲဒါဆိုရင်  Launch Software Update ဆိုတာ နှိပ်လိုက်ပါ ။ !! Finish !!
  Original Firmware Search
  LG Flash Tools
 Special Thanks - Vl4ck H0nor

3 comments:

  1. Volume Up & Power ကို တွဲနှိပ်ပြီး emergency mode ဆိုပြီး အ၀ါရောင်နဲ့ မတက်လာဘူး ကူညီပါဦး

    ReplyDelete
  2. Battery ကော ဖြုတ်ထားရဲ့လားဗျ

    ReplyDelete
  3. ကျေးဇူးပဲ အကို ရသွားပြီခင်ဗျာ

    ReplyDelete