ကျွန်တော်တင်ဘူးလားတော့မသိတော့ဘူး ။ ဒါပေမယ့် မဖတ်ရသေးတဲ့သူတွေအတွက် တင်ပေးလိုက်ပါတယ်။ ကွှန်တော်လဲ လိုက်ရှာရင် တွေ့လို့ ကူးထားလိုက်တာ။ ကဲစလိုက်ကြရအောင် :P
Folder တွေ File တွေကို Access Denied ဖြစ်အောင် User Permission Access နဲ့ Simple File Sharing ကို
ဖျောက်ပြီး ပိတ်တဲ့နည်းကို အခုက Command Prompt ကနေ လုပ်ပြမှာပါ ၊
Command Prompt ကဆိုတော့ Program တွေရးပြီးထည့်တဲ့အခါမှာ အဆင်ပြေသလို
Multiple File/Folder တွေကိုလည်း * ဆိုတဲ့ Keyword တစ်ခုတည်းနဲ့ အဆင်ပြေအောင်ဖြေရှင်းနိုင်ပါတယ် .... စမ်းကြည့်ရအောင် ...
ပထမဆုံး သင့်ရဲ့ Desktop ပေါ်မှာ
Folder တစ်ခုဆောက်လိုက်ပါ .. နာမည်ကိုတော့လွယ်အောင် a လို့ ပဲပေးလိုက်မယ် ...
CMD ကိုဖွင့်ပြီး လမ်းကြောင်းကို Desktop ပေါ်တင်လိုက်ပါ ...
cd desktop ဖြစ်မှာပေါ့ .. ရောက်ပြီဆိုရင်
cacls a /p everyone:n ဆိုပြီးရိုက်ပါ ..
/p ဆိုတာက permission ကို ဆိုလိုတာပါ ....
everyone ဆိုတာက user အားလုံးကို ရည်ညွှန်းပါတယ် ... everyone နေရာမှာ ကိုယ်ပိတ်ချင်တဲ့ User Name ကို ပေးလို့ လဲရပါတယ် ....
n ဆိုတာကတော့ None ကိုပြောတာပါ ... ပေးမသုံးဘူးဆိုတဲ့သဘောပါ ...
ဒါဆိုရင် နားလည်ပါပြီနော် ..... ပြန်ဖွင့်ချင်ရင်တော့
cacls a /p everyone:f ပါ .... F ကတော့ full Control ပြန်ပေးတာပါ ....
No comments:
Post a Comment